ကျွန်တော် တို့ ရဲ့ မြို့ငယ်လေး မှာ စာဖတ်ချင်သူ လူငယ် .. လူကြီး များ ရှိသလို စာဖတ်ရမှန်း မသိသေးတဲ့ ကလေး ငယ်လေး တွေလည်း အများကြီးပါ .... တနေ့တော့ မြို့လေး မှာ ပါတီ အဖွဲ့ တခု ကို ကိုယ်စားပြုတဲ့ စာကြည့်တိုက်လေး တခု ပေါ်ပေါက် ခဲ့ ဖူးပါတယ် ... စာဖတ်ချင်သူများအားလုံး မျှော်လင့်ချက် အပြည့် နဲ့ ဝမ်းသာပိတိ ဖြစ်ရ တာပေါ့....
ဒါပေမဲ့ သူတို့ အားလုံး ရဲ့ မျှော်လင့်ချက်အိမ်မက် တွေ ဟာ မကြာခင်မှာဘဲ ပြိုပျက်သွားခဲ့ပါတယ်.... စာဖတ်ချင်စိတ် အပြည့်နဲ့ စာကြည့်တိုက် ကို လာခဲ့ပေမဲ့ သော့ခတ်ထားတဲ့ စာကြည့်တိုက် လေး ကိုသာ အထီးကျန်စွာ တွေ့ခဲ့ကြပါတယ် ....
စာလာဖတ်သူ များရဲ့ တောက်ခေါက်သံ လေး သာ အသက်ရှိရင် သောလေး တော့ သက်သာမှာ မဟုတ်ဘူး ... ထာဝရ သော့ခတ်ထားတဲ့ အမည်ခံ စာကြည့်တိုက်လေး ကို စက်စုတ်မှု့ တွေတိုး လာပြီး တောက်ခေါက်သံ အပြင် ထွီ ဆိုတဲ့ အသံ တသံပါ တိုးလာပါတယ် ....
နောက်တော့ အမြဲပိတ်ထားတဲ့ အမည်ခံ စာကြည့်တိုက် လေးကို အားလုံး က တောက်ထွီ စာကြည် တိုက် လေး လို့ အမည်ပေး လိုက်ကြပါတယ် ....
တောက်ထွီ စာကြည့်တိုက် လေး ကို အာသာမပြေနိုင်ကြတဲ့ ... အနီးစခန်း မြို့လေး အတွက် အနီးစခန်း စာကြည့်တိုက် သစ်လေး ကို ဖွင့်လှစ်လိုက်ပါပြီ .... စာဖတ်သူ ကလေးငယ်များ တိုးပွားအောင် နဲ့ စာအုပ်များကို အတတ်နိုင် ဆုံး ပြည့်စုံအောင် ကျွန်တော်တို့ အားလုံး ကျိုးစားနေကြပါတယ် ....စာချစ်သူများ ကိုလည်း အနီးစခန်း စာကြည့်တိုက်လေး ကို လာရောက် စာဖတ်ကြဖို့ ဖိတ်ခေါ်ပါတယ် ... အနီးစခန်း မြို့လေး ကို ရောက်ခဲ့ရင်လည်း စာဖတ်သင် နေတဲ့ အနာဂတ် ရဲ့ ပန်းပွင့်ငယ်လေး တွေ ကို ဝင်ရောက်လေ့လာနိုင် ပါတယ် ....
ss (Mandalay)
.